သတင်းများ

ငဖဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ဧက ၃၁၁  ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စု  (၂၀) အုပ်စုတွင် ဆီထွက်သီးနှံနေကြာစိုက်ဧက  ၃၁၁  ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မိုးစပါးတိုက်ရိုက်မျိုးစေ့ချ အတန်းလိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား မကွေးတိုင်းဝန်ကြီးချုပ် ကြည့်ရှုအားပေး
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ နည်းစနစ်မှန်ကန်စွာ စနစ်တကျ စိုက်ပျိုး စရိတ်ကုန်ကျမှု သက်သာစေရန်နှင့် သွင်းအားစု စိုက်ပျိုးစရိတ် ကုန်ကျမှု သက်သာစေရန်အတွက် မိုးစပါးတိုက်ရိုက် မျိုးစေ့ချအတန်းလိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ယမန်နေ့ နံနက်ပိုင်းက စလင်းမြို့နယ် မကျီးပင်ပု ကျေးရွာအုပ်စု တောင်သူ ဦးချစ်ခင်၏ လယ်ယာမြေ၌ ဆောင်ရွက်ခဲ့သည်။
တာမိုးညဲမြို့၊လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jul 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားထားသော “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာရှိ ရိုးရာအစားအစာ ကြက်ဥမရွေးမုန့်လုပ်ငန်းအား ထုတ်ကုန် အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် ရိုးရာအစားအစာ ကြက်ဥမရွေးလုပ်ငန်းအား စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ထုတ်ကုန်အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇူလိုင် ၂၁ ရက်၊ ယနေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံ ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 22,2023
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉:၃၀) နာရီ အချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရားရှိ အေဒီ ၁၂ ရာစုအစောပိုင်းက ရေးဆွဲထားခဲ့သည့် နံရံပန်းချီလက်ရာများနှင့်ဗိသုကာလက်ရာများကိုလေ့လာနိုင်
Jul 22,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရား အတွင်းရှိ အေဒီ ၁၂ ရာစုအစောပိုင်းပိုင်းက ရေးဆွဲထားခဲ့သည့် နံရံဆေးရေး ပန်းချီများနှင့် ဗိသုကာလက်ရာများကိုလေ့လာနိုင်ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ပဲတိုင်ထောင်စိုက်ပျိုးခြင်းဖြစ် အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိ
Jul 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းပြီး မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးကာ အပိုဝင်ငွေရရှိပြီးစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပဲတိုင်ထောင်စိုက်ပျိုးရောင်းချသူ ကိုဟန်စိန်ထံမှ သိရသည်။