စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်၀င်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိခဲ့သူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

စဉ့်ကိုင်    ဇူလိုင်  ၂၄

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာ​ရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ယမန်နေ့နံနက်(၁၀)နာရီက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့် တက္ကသိုလ်၀င်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိခဲ့သူအား ဆုချီးမြှင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားခဲပြီး ကျောက်ဆည်ခရိုင် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌကိုယ်စားတပ်ဖွဲ့မှူး   ဒေါ်နွဲ့နွဲ့ထွေးက  မျိုးဆက်သစ်လူငယ်များအား မိမိတို့ ကြက်ခြေနီအသင်းမှ အသိပညာများ တိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ နည်းလမ်း အမျိုးမျိုးဖြင့်ချီးမြှင့်ထိုက်သူကို ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း အမှာစကားအဖြစ်ပြောကြားခဲ့သည်။

ဆက်လက်၍  မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  ကျင်းမှူးကျင်းပသော  ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်း အမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင်ဗဟိုအဆင့်၌  ဒုတိယဆုရရှိခဲ့ပြီး ၂၀၂၃- ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိခဲ့သူ စဉ့်ကိုင်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှတပ်သားမောင်ထူးဝေအောင်အားခရိုင် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးအခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါ်နီနီကကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)