ပန်းတနော် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား/သူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အင်းမကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (အင်းမ) ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် သက်ဆိုင်သည့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လာရောက် အသိပညာပေး ဆွေးနွေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူများက လူငယ်နှင့် အားကစား၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် စာပေ၊ စားသုံးသူများ သိကောင်းစရာ စသည့်ခေါင်းစဥ်များဖြင့် အသီးသီးမေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)