မြောင်းမြ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁:၀၀ အချိန်က မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမှတ် ၈၁ ယာဥ်ထိန်းရဲတပ်ဖွဲ့စု (မြောင်းမြ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ညီညီအောင်က ယာဥ်အန္တရာယ် ကင်းရှင်းရေးနှင့် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများကို ဟောပြောခဲ့ပြီး ရဲတပ်ကြပ်ကြီး ဇော်ဝင်းထွန်းက ယာဥ်/လမ်း လက်အချက်ပြပုံများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၁၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် (မြောင်းမြ)