ညောင်တုန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) နာယက ဦးချစ်စိုး၊ ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် အဖွဲ့ဝင်ဦးမြင့်ဟန်တို့က “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်မှ လူငယ်နှင့် အမှား၊ လူငယ်နှင့် အောင်မြင်ခြင်း၊ လူငယ်နှင့် တာဝန်သိမှု၊ လူငယ်နှင့် လူမှုရေးအတွေးများ စသည့်စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား/သူလေးများနှင့်အတူ ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များများဖြင့် စာအုပ်ပြပွဲကို ကျင်းပရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)