ကေ့ာကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ကေ့ာကရိတ် ဇူလိုင် ၂

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ စည်ပင်သာယာရေးစျေးတွင် ယမန်နေ့ နံနက်ပိုင်းက ကေ့ာကရိတ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ကျုံဒိုးမြို့ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျုံဒိုးမြို့စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် ကျုံဒိုးမြို့စျေးအတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား  ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပါဒ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး အတွက် စားသောက်ကုန်များအား ကုန်ညွှန်းအမှတ်အသား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိမရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှုရှိမရှိ၊ ပလတ်စတစ်ဘူးများဖြင့် ထည့်ထားသည့် စားသောက်ကုန်ပစ္စည်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ထားရှိမှု မရှိစေရေး၊ ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့် ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်း ချစေရေးတို့အား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

KMW (ပြန်/ဆက်)