ခန္တီးမြို့တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားပြုလုပ်

ခန္တီး ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ (၂၅) ရက်နေ့ နေ့လည် (၃) နာရီအချိန်က ၂၀၂၃ ခုနှစ်၊ မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းအသီးသီးမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနုတ်ဆက်၍ အသင်းတစ်သင်းလျင် ဘောလုံး (၁) လုံးစီ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲသို့ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၁၁) သင်းပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဇရာအိုအသင်း နှင့်ကညာပျိုအသင်းက အပျော်တမ်းယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)