ကျုံပျော် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများကို ယမန်နေ့နံနက်က အထောင်မြို့လမ်းမကြီး၌ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အထောင်မြို့အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အထောင်မြို့တွင်းမှ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအတွင်း လက်နက်ခဲယမ်းနှင့် အန္တရာယ်ကျရောက်စေနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာပါရှိခြင်း ရှိ/မရှိနှင့် ဥပဒေနှင့်ငြိစွန်းသည့် အကြောင်းအရာများ ပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက်လည်း ကျုံပျော်မြို့အဝင်အထွက်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ ပူးပေါင်း၍ မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့် စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ် ပါရှိရေး၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်များ ပါရှိရေး၊ တုတ်၊ဓါး၊လက်နက်များ ယူဆောင် သွားလာမှု မပြုရေး တို့ကို စစ်ဆေးပြီး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများအား အရေးယူဆောင်ရွက်ခြင်း၊ ထော်လာဂျီယာဉ်များအား ရောင်ပြန်စတစ်ကာများတပ်ရန်အသိပေးခြင်း၊ ယာဉ်တွင်ပါရှိရမည့် မီးများစုံလင်စွာတပ်ဆင်ရေး အသိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်စည်းကမ်း အသိပညာပေးမှုများကြောင့် ယာဉ်မတော်တဆမှုလျော့နည်းခဲ့ပြီး၊ အသက်အန္တရာယ် ထိခိုက်မှုနည်းပါးခဲ့ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)