စလင်း ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ စလင်းချောင်းရေ မြင့်တက်၍ ရေကြီးရေလျှံမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ချောင်းရိုးဖြောင်းခြင်းလုပ်ငန်း ချောင်းကြမ်းပြင်မြင့်တက်နေမှုများကို ဇူလိုင်(၂၄)ရက်နေ့မှ စတင်ကာ မကွေးတိုင်းဒေသကြီးအစိုးရ၏ ပံပိုးကူညီမှု မြစ်ချောင်းဖြိုးဦးစီးဌာန၏ စီမံခန့်ခွဲမှုများ မြို့မိမြို့ဖများမှဦးဆောင်၍ စက်ယန္ဒရားကြီးများဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတို့တွင် မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သည့်အတွက် စလင်းချောင်းကြမ်းပြင်မြင့်တက်နေမှုနှင့် ချောင်းရိုးဖြောင်းခြင်းလုပ်ငန်းလုပ်ကိုင်ရန် မြစ်ချောင်းဖြိုးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကွင်းဆင်းကြည့်ရှုခဲ့ကြပြီး မကွေးတိုင်းဒေသကြီးအစိုးရ၏ ပံပိုးကူညီမှုဖြင့် ဆင်ဖြူကျွန်းမြို့မှ မြို့မိမြို့ဖများ၏ ကြီးကြပ်မှုဖြင့် ရမ်းဘိုကုန်းကျေးရွာချောင်းအဆင်းမှ နွယ်တမယ်တံတားအထိ အကျယ်(၁၀၀)ပေ၊ အလျား(၂၀၀၀)ပေ၊ အနက်(၉)ပေဘေးတစ်ဖက်စီမှ ဘောင်များပြုလုပ်၍ ချောင်းရိုးဖြောင့်ခြင်းလုပ်ငန်းနှင့် ချောင်းမြက်နှာပြင်မြင့်တက်နေမှုများ တူးဖော်ဆောင်ရွက်၍ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေလမ်းကြောင်းများ ပြောင်းလဲစေပြီး ပတ်ဝန်းကျင်ကျေးရွာများ ချောင်ရေမြင့်တက်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် စက်ယန္ဒရားကြီးများကို အသုံးပြု၍ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)