မဟာအောင်မြေ ဇူလိုင် ၂၆
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် လစဉ် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင် မလာရောက်နိုင်သည့် ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ၊ စာဖတ်ပရိတ်သတ်များထံ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး စာအုပ်စာစောင်အသစ်များ ရောက်ရှိပါက သွားရောက်လဲလှယ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များထံသို့ ကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း