ကော့သောင်းမြို့တွင် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့နယ် အောင်သုခရပ်ကွက်၊ မေတ္တာစိုး ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အ.လ.က(ခွဲ)ဘုရင့်နောင်ကျောင်း၌လည်းကောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။