သာပေါင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ကစတင်၍ အသက် ၅ နှစ်ပြည့်ပြီး KG ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ကျောင်းသူများအား First dose,Second Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံနိုင်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးအပေါ် တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ကြည့်ရှုအားပေး ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး First dose(Sinopharm)ကာကွယ်ဆေးထိုးနှံ၊အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၁၅) ဦးတို့ကို Second Booster ပေါင်း (၂၇) ဦးတို့ကို ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူကလေးများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)