သတင်းများ

ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် (Biometric) ကောက်ယူခြင်းနှင့် (UID) နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 26,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက Biometric ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ် ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပဒါန်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် မူလွန် (၃)ကျောင်း၌ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 26,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
မတ္တရာမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မတ္တရာမြို့ အမှတ်(၄) ရပ်ကွက်ရှိ အောင်သာကံမြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကိုဗစ်-၁၉ကာကွယ် ဆေးများ သွားရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၆) အခြေခံပညာလယ်တန်းကျောင်းခွဲ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လုပ်ငန်းခွင်ဝင်ရောက်သူများ တွက်ခြေကိုက်
Jul 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်ကာလတွင် လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသတစ်ခုဖြစ်ရာ နေ့စားအလုပ်သမားများ တွက်ခြေကိုက်နေကြောင်း လယ်စိုက် တောင်သူများထံမှ သိရသည်။
လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 26,2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၄ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် လားရှိုးမြို့၊ ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာသို့ သွားရောက်ကြည့်ရှုအားပေး
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပန်းခင်းစီမံချက်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁၁) အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ ဆွေးနွေး
Jul 26,2023
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ခင်စောတင့်ရေးသားသည့် "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်" စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။