ငဖဲ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက (Biometric) ကောက်ယူခြင်းနှင့် (UID) နံပါတ်ထုတ် ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပဒါန်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ပဒါန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ပဒါန်းတိုက်နယ်ဆေးရုံမှ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင်များ၊ ကျေးရွာနေ ပြည်သူများ၏ နိုင်ငံသားတစ်ဦးချင်းစီကိုယ်ရေး အချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်းနှင့် လိုအပ်သည့် ဓါတ်ပုံရိုက်ကူးရယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ပဒါန်းကျေးရွာအတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၀)နှစ်နှင့်အထက်ရှိ ကျောင်းသား/ကျောင်းသူ (၂၇၂) ဦး၊ ပဒါန်းတိုက်နယ်ဆေးရုံမှ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင် (၁၃၂) ဦးနှင့် ကျေးရွာနေပြည်သူ (၁၂၅) ဦး စုစုပေါင်း (၅၂၉) ဦး၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) များကို သတ်မှတ်စုရပ်နေရာများတွင် ကောက်ယူဆောင်ရွက်ခဲ့ပြီး (Unique ID) နံပါတ်ပါ ကတ်ပြား များကို နေ့ချင်းပြီးထုတ်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းကို ဇွန်လ ၂၂ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူ (၂၃၁၂) ဦး ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)