မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လုပ်ငန်းခွင်ဝင်ရောက်သူများ တွက်ခြေကိုက်

မောက်မယ် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်ကာလတွင် လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသတစ်ခုဖြစ်ရာ  နေ့စားအလုပ်သမားများ တွက်ခြေကိုက်နေကြောင်း လယ်စိုက် တောင်သူများထံမှ သိရသည်။

ယခုနှစ် မိုးရာသီစပါးစိုက်ပျိုးချိန်တွင် စက်သုံးဆီနှင့်ဓါတ်မြေသြဇာစျေးနှုန်းများ မြင့်မားနေသည်ကတစ်ကြောင်း၊ အလုပ်သမားနေ့စား အငှားခလည်း ယခင်နှစ်များတွင် ၈ နာရီတစ်ရက်လျင် ၁၀၀၀၀ ကျပ် ငှားရပြီး ယခုနှစ်တွင် အလုပ်သမားနေ့စားအငှားခသည် နာရီဖြင့် နေ့စားလိုက်ကြသည့် အလုပ်သမားများဖြစ်ရာ တစ်နာရီလျင် ၂၀၀၀ ကျပ်နှုန်းဖြင့် နေ့စားအလုပ်သမားအနေဖြင့် ဝင်ရောက်အငှားလိုက်ကြပြီး အလုပ်လုပ်ကြကြောင်း လယ်စိုက်တောင်သူများထံမှ သိရသည်။

မောက်မယ်မြို့နယ်အတွင်း၌ လယ်စပါး၊ တောင်ယာစပါး၊ ပဲပုတ်၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲဒီစိမ်း၊ ပဲစင်းငုံ စသည့် သီးနှံများစိုက်ပျိုးလုပ်ကိုင် ကြပြီး ဥယျာဉ်ခြံများတွင် သရက်၊ လိုင်ချီးသီး၊ သံပုရာသီး၊ လျှောက်ချိုသီး၊ လိမ္မော်သီးစသည့် သီးနှံများလည်း စိုက်ပျိုးကြသည်။

စိုင်းမျိုးသန့်(မောက်မယ်)