ကံမမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 26,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြု ဗဟိုဌာန)၌ ယမန်နေ့ နေ့လယ် (၃) နာရီက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းနှင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။