မတ္တရာမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

မတ္တရာ ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မတ္တရာမြို့ အမှတ်(၄) ရပ်ကွက်ရှိ အောင်သာကံမြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကိုဗစ်-၁၉ကာကွယ် ဆေးများ သွားရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကိုဗစ်၁၉ကာကွယ်ဆေးများ ထိုးနှံရာတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက် တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ စုစုပေါင်း ၃၇၀ ဦးအား ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်တို့မှ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများ အတွက် Mask နှာခေါင်းစီးများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

စိုးကျော်သူထွေး(မတ္တရာ)