ကန့်ဘလူမြို့၌ အသားတိုးကဏ္ဍနှင့်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေး
Jul 26,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာများ ဖူလုံစွာပိုလျှံစွာ မွေးမြူထုတ်လုပ်နိုင်ရေး၊ အသားကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဝက်မွေးမြူရေးခြံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာမြတ်လင်းတို့မှ ဇူလိုင် ၂၅ ရက်မွန်းလွဲ ၃ နာရီခွဲတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။