ရှင်ဗွေယန် ဇူလိုင် ၂၈
ကချင်ပြည်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သီတာနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ (KG) တန်းမှ (G-5) အထိ ပထမအကြိမ် (first dose) ထိုးနှံသူဦးရေ (၁၅၄) ဦး၊ ဒုတိယအကြိမ် (Second dose) ထိုးနှံသူဦးရေ (၁၃၀)ဦးအား ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)