လက်ပံတန်း၌ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ဇီဝဆိုင်ရာကိုယ်ရေး အချက်အလက်ကောက်ယူခြင်းနှင့် Smart Card များဆောင်ရွက်ပေး

လက်ပံတန်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ပြုလုပ်ခြင်းကို လက်ပံတန်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးလျှက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်အငြိမ်းစားဝန်ထမ်းများအသင်းနှင့် ပူးပေါင်း၍ ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများကို ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်နေ့ထိ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် Smart Card ပြုလုပ်ရန် ကျန်ရှိသူမျာအား ရပ်ကွက်ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)