မိုင်းယန်းခရိုင်၊ မိုင်း‌ယန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မိုင်းယန်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ဝိန်းလိတ်ရပ်ကွက်ရှိ ရာပြည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ‌ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်း ရေးမှူး ဒေါ်သန်းမေလှိုင်ဦးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲ‌ပေးခြင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အကြောင်းအား Power Point ဖြင့် ရှင်းလင်းသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသောပါတီများ၊ လူမှူရေးအသင်းအဖွဲ့များ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သူများတို့က မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ  သင်တန်းတွင် (MEVM) စက်နှင့် ပါဝင်ပစ္စည်းများ ရှင်းလင်းသရုပ်ပြခြင်း၊ တပ်ဆင်/ဖြုတ်သိမ်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သော မဲရုံမှူးများအား (MEVM) စက်စစ်ဆေးရာတွင် လုပ်ဆောင်ရမည့်/စိစစ်ရမည့်အချက်များ၊ စက်ရှိပရင်တာစက္ကူလိပ်တပ်ဆင်ပုံနှင့် စဘက်ထရီတပ်ဆင်ပုံ၊ မဲပေးစဉ်စက်ချို့ယွင်းပါက အရံစက် လဲလှယ်ရမည့် အခြေအနေလမ်းညွှန်၊ မဲပေးစဉ်အတွင်း အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရေတွက်ခြင်း ဇယား၊ မဲရလဒ်ထုတ် ယူနည်းဇယား၊ မဲရုံမှူးဖြည့် သွင်းရမည့်ပုံစံများအား သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းအား ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်ကြိမ်လျှင် သင်တန်းသားဦးရေ (၅၀) ဦးဖြင့် သင်တန်းကာလနှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်သန်းမေလှိုင်ဦးထံမှ သိရသည်။

ထွန်းထွန်းထူး