နမ့်စန်မြို့တွင် ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နမ့်စန်() ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက ပွဲစဉ်များကို မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီချိန်တွင် ကွာတားဖိုင်နယ်ပထမပွဲစဉ်အဖြစ် အ.ထ.က-ခွဲ (၅ ရပ်ကွက်)အသင်းနှင့် အ.ထ.က(နမ့်စန်)အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ပွဲချိန်အတွင်း ၂ ဂိုးစီသရေကျခဲ့ပြီး အ.ထ.က(နမ့်စန်)က ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဆက်လက်၍ နံနက် ၁၀ နာရီတွင် ဒုတိယပွဲအဖြစ် အ.ထ.က-ခွဲ(လေတပ်)အသင်းနှင့် အ.ထ.က(မိုင်းစိတ်)အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ(လေတပ်)အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)