ခရမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

ခရမ်း ဇူလိုင် ၂၁

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို လစဥ် ၂၁ ရက်နေ့မှ စတင်၍ လကုန်အထိ ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ (အငြိမ်းစား) ဝန်ထမ်းများကို ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများ၊ ပင်စင်စား(ကိုယ်စား)ထုတ်လိုသူ မိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် နေရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်းတွင် အငြိမ်းစားဝန်ထမ်း(၁၆၅၂)ဦး ရှိပြီး ယနေ့၌ ပင်စင်လစာ လာရောက်ထုတ်ယူသူ(၃၅၀)ဦးခန့်ရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ခရမ်း (ပြန်/ဆက်)