မိုင်းရှူး သြဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟံသာမုနိဘုရားကြီးကျောင်းတိုက်တွင် အာရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၆ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ ဝတ်အသင်းအဖွဲ့များက ဩဝါဒစရိယဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ဩဝါဒစရိယ ဆရာတော်ကြီးများထံမှ သီလတရားနာယူခြင်း၊ မေတ္တာသုတ်တရားတော် အစရှိသော ပရိတ်တရားတော်များနာယူကြသည်။ထို့နောက် ကြွရောက်တော်မူလာကြသည့် ဩဝါဒစရိယ ဆရာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလင်းထိုက်တို့က အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဩဝါဒစရိယဆရာတော်များထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ ဆက်)