ခင်ဦး သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉း၃၀ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်ကပ်လှူဒါန်းဆောင်ရွက်ကြောင်း သိရသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် မြို့ဦးကျောင်း တိုက်ဆရာတော် ဘဒန္တဦးစန္ဒာဝရထံမှ ရှစ်ပါးသီလခံယူကြပြီး၊ သံဃာတော်အရှင်သူမြတ်တို့က ရွတ်ပွားသရဇ္စျာယ်တော်မှုသော ပရိတ်တရားတော်များနားယူကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတိုက်များမှ ပင့်သံဃာ(၂၀)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟန်မျိုးကျော်