သန်လျင် သြဂုတ် ၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် လဟာရက်ကျေးရွာမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ရွှေသန်လျင် ဆရာတော်က ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ယင်းကျေးရွာရှိ ရွှေသန်လျင် သာသနာ့ရိပ်သာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နယ်လှည့်သာသနာပြုဓမ္မကထိက ရွှေသန်လျင်ဆရာတော်ထံမှဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ကြသည်။ ထို့နောက်ဆရာတော်က တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဝမ်းမြောက်သြဝါဒစကားချီးမြှင့်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ထို့နောက်တက်ရောက်လာကြသူများက ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်လှူဒါန်းမှုအစုစုအတွက် ဆရာတော်ကအနမောဒနာ ရေစက်ချတရားချီးမြှင့်ခဲ့ကြောင်း သိရသည်။ သန်လျင်မြို့နယ် လဟာရက်ကျေးရွာမှ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ရိုးရိုးအောင်မြင်သူ(၁)ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်ဆက်)