ဇမ္ဗူသီရိမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

ဇမ္ဗူသီရိ ဩဂုတ် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ် အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဥ္ဇူသကထံမှ  ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကိုနာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ကြွရောက်လာသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ အလားတူ လမ်းသပြေကုန်းကျောင်းတိုက်တွင်လည်း ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)