ရန်ကုန်-ပြည် ကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

အုတ်ဖို သြဂုတ် ၃

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက်  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်ပင်ဆိပ်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၁၂/၄ နှင့် ၅ ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ရေလျှံမှုဖြစ်ပေါ်လျက်ရှိရာ နေရာတွင် ခရီးသွားလာပြည်သူများနှင့်ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လမ်းရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ