ခန္တီးမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

ခန္တီး ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာ)မှ ဒုတိယတိုင်းမှူး၊ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်ကြည်ဝင်းက အယ်နီညိုရာသီ ဥတုကို အံတု၍ သီးနှံများစိုက်ပျိုး ထုတ်လုပ်ခြင်း၊ စိုက်နည်းစနစ်မှန်ကန်စေခြင်း၊ ဓာတ်မြေဩဇာအချိန်ကိုက် အချိုးကျသုံးစွဲနည်းစသည့် အကြောင်းအရာများကို ဆွေးနွေး၍ အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က ပျိုးခင်းစနစ်တကျ ပြုပေးစုပေးနှင့် ပေါင်းစနစ်ဖြင့် ပျိုးထောင်ခြင်းခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုခိုင်က မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် မျိုးစေ့များ ပူးကပ်ခြင်းမရှိအောင် မျိုးစေ့ချခြင်း ခေါင်းစဉ် များဖြင့် အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသူ တောင်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အေးခိုင်(ပြန်/ဆက်)