အထက်မင်းလှ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်များကို ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီက တောင်ရပ်ကွက်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်(၃၅၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား၊ တစ်ဗူးလျှင်(၄၅၀ဝ)ကျပ် ကြက်ဥတစ်လုံးလျှင်(၂၀ဝ)ကျပ်၊ ကန်စွန်းရွက်တစ်စည်း (၁၀၀)ကျပ်၊ ကြက်သားတစ်ထုတ်(၁၀၀၀)ကျပ်တို့ဖြင့် အခြေခံစားကုန်များအားကုန်ဈေးနှုန်းကြီးမြင့် မှုမရှိစေရေးအတွက်ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှပေါင်းစပ်ဆောင်ရွက်လျက်ရှိပြီး တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ရပ်ကွက်များတွင်အလှည့်ကြရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)