ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းသား/သူများ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ

ကွမ်းခြံကုန်း သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံးမှ  မြို့နယ်ဦးစီးမှူးဦးကျော်သူရနှင့်ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကောင်းသီရိရတနာအခန်းမ၌  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data)နှင့် (Biometric Data)များကောက်ယူ၍ (Database)တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID)နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းကို ကွမ်းခြံကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန   ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့်ဝန်ထမ်းများက ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ၊  လူမှုရေးအသင်းအဖွဲ့များအပြင် ကျောင်းသား/သူများကိုလည်း  (Biometric  Data)များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းသားသူများဆောင်ရွက်ပြီးပါက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(IPRD)