ကန်ကြီးထောင့် ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မား လာစေရေးတို့အတွက် ယနေ့နေ့လည် (၁၂:၃၀)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.ကကျောင်းသို့ သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ စာအုပ်စာစောင်များ သွားရောက်ငှားရမ်း ပေးခဲ့ရာတွင် ငှားရမ်းစာအုပ်များ အနဖြင့် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ကြပြီးကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသင်းဝင်ခြင်း၊ စနစ်တကျ စာငှားခြင်းလုပ်ငန်းများအား စနစ်တကျ ပူးပေါင်းပါဝင်ဆာင်ရွက်ကာ ကျောင်းသား၊ကျောင်းသူများမှစာအုပ်စာစာင်များအား ပျော်ရွင်စွာ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်(ပြန်/ဆက်)