ညောင်ဦး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများသည် ညောင်ဦးမြို့ အမှတ်(၁)ရပ်၊သာယာဝတီ သင်္ဘောဆိပ်ကမ်းနှင့်ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြစ်ရေတက်လာခြင်းနှင့်အတူ ရေကြောင်းသွားခရီးသည်များ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှိုးဆော်ခြင်းကို ဩဂုတ် ၁၃ ရက်၊ နံနက် ၈ နာရီခွဲအချိန်က လိုက်လံဆော်ဩ ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မိုးတွင်းကာလ မြစ်ရေတက် လာခြင်းနှင့် အတူ မြစ်ကမ်းဘေးတစ်လျှောက်နေထိုင်ကြသော ပြည်သူများ၊ မြစ်ချောင်း များတွင် သွားလာနေ သောတံငါသည်များ၊ မြစ်ကြောင်းခရီးဖြင့်သွားလာနေကြသော ရေယာဉ်စီးခရီးသွားများ ဘေးအန္တရာယ် လျော့ပါးစေရေးအတွက် ရေပြင်အသက်ကယ်စုဖွဲ့ ထားရှိမှုနှင့်ရေဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်သတိပေးချက်များအား ဧရာဝတီမြစ် ကြောင်းတစ်လျှောက် လှည့်လည် အသိပေး ခြင်းလုပ်ငန်းများအား ညောင်ဦးခရိုင်မီးသတ် ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်စုဖြင့် အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း