ဘီးလင်းမြို့နယ်တွင် ရေပြန်လည် ကျဆင်းသွားသည့်အတွက် ကယ်ဆယ်ရေးစခန်းအားလုံး ပိတ်သိမ်း

ဘီးလင်း  ဩဂုတ် ၁၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်ကာ ရပ်ကွက်၊ကျေးရွာများသို့ ရေများ ဝင်ရောက် လာသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ဩဂုတ် ၂ ရက်နေ့မှ စတင်ကာ ရေဘေးရှောင်စခန်း(၂၇)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချပေးခဲ့ကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ရေဘေးရှောင် အိမ်ထောင်စု (၁၇၇၈)စု၊ ကျား (၃၉၆၆)ဦး၊ မ  (၄၃၆၉) ဦး၊စုစုပေါင်း ( ၈၃၃၅ ) ဦးတို့အား တာဝန်ရှိသူများက  ကယ်ဆယ်ရေး စခန်း (၂၇)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။ ယခုအခါ ဘီးလင်း မြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် စခန်းအသီးသီးတွင် ​နေထိုင်ကြသည့် ရေဘေးရှောင် ပြည်သူများမှာ မိမိတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့သွားပြီး ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၂၇)ခုအား ယနေ့နံနက်ပိုင်းတွင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း  သိရသည်။

မြို့နယ် (ပြန်/ဆက်)