မိုင်းကိုင် ဩဂုတ် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ရှမ်းပြည်နယ် အစိုးရမှ ပေးအပ်သောဓာတ်မြေဩဇာများအား တောင် သူများထံသို့ အခမဲ့ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသွေးကျော် က ဓာတ်မြေဩဇာ အခမဲ့ပေး အပ်ခြင်းနှင့် မြေဩဇာများအကျိုးရှိစွာ အသုံးပြုနည်းများအကြောင်းကို တောင်သူအသိပညာပေးဟောပြောပြီးနောက် တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသည့်တောင်သူများထံ ယူရီးယား ဓာတ်မြေဩဇာများကို အခမဲ့ဖြန့် ဝေပေးအပ်ခဲ့သည်။
အဆိုပါ ဓာတ်မြေဩဇာများကို ဖြန့်ဝေပေးအပ်ရာတွင် မိုင်းကိုင်မြိုနယ်အတွင်းရှိ မြို့မအုပ်စု ၊ ဆင်ခြေဖုန်း မြောက်ကျေးရွာအုပ်စု ၊ ဝမ်ဟွေအွမ်ကျေးရွာ အုပ်စုနှင့် ဟိုနားကျေးရွာအုပ်စုအတွင်းရှိ ကွင်းပေါင်း ၂၇ ကွင်း ၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးတောင်သူပေါင်း ၁၃၃ ဦးတို့အတွက် ယူရီးယား ဓာတ်မြေဩဇာ ၄၄၈ အိတ် တို့ကို အခမဲ့ထောက်ပံ့ပေးခဲ့အပ်ခြင်းဖြစ်ကြောင်းသိရသည်။
ချော(မိုင်းကိုင်)