စဉ့်ကူး ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအားထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီ အချိန်က စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းများက တာဝန်ထမ်းဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း(၆၆)ဦးအားလည်းကောင်း၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းစံရွှေက မြို့ပေါ်နေဝန်ထမ်းမိသားစုဝင် (၃၃) ဦးအားလည်းကောင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တစ်ဦးလျှင် ဆန် (၂) ပြည်၊ ဆား(၅၀)သားနှင့် ဆီ (၅၀) သားနှုန်းဖြင့် စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေကျပ် (၁၃၀၃၆၀၀/-) ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)