မောင်တော ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီးပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်တည်ဆောက်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းက ၄ မိုင်ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်သာသနာ့ရေးမှူး ဦးကျော်ဇင်ဦး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းနှင့် တာဝန်ရှိသူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီးပျက်စီးခဲ့သော ၄မိုင်ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းအား ပြန်လည်တည်ဆောက်ပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေးတာဝန်ခံ စည်ပင်အင်ဂျင်နီယာက တည်ဆောက်နေမှုအခြေအနေများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မှီစွာဖြင့် အချိန်မှီပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များအား လမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။
အောင်ကျော်စိန်
ခရိုင်(ပြန်/ဆက်)