သာယာဝတီမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ပြုလုပ်

သာယာဝတီ    ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပီမီးနင်းခန်းမ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှူး ​ဒေါက်တာတင်ထွန်းဦးမှ အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး မြို့နယ်ပညာ​ရေးမှူး ဦးဝင်းနိုင်မှ ယ​နေ့​ခေတ် ​​ကျောင်းသား လူငယ်များသည် ပညာရည်မြင့်မားပြီး ကျန်းမာသန်စွမ်းမှသာလျှင် အနာဂတ်နိုင်ငံ​တော်ကို ​ကောင်းမွန်စွာ ဦး​ဆောင်နိုင်မည်ဖြစ်သည့်အတွက် ​ကျောင်းသားလူငယ်များအ​နေဖြင့် ပညာ​ရေးကို အားစိုက်ထုတ်ရန်သာမက ကျန်းမာ​ရေးကိုပါ အ​လေးထား​ဆောင်ရွက်ရမည်ဖြစ်​​ကြောင်း ​နှုတ်ခွန်းဆက် အမှာစကား​ပြောကြားသည်။

ထို့​နောက် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ​ဒေါက်တာ​အောင်ဖြိုး​ဝေမှ ​ကျောင်းကျန်းမာ​ရေးစစ်​ဆေးရခြင်း၏ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဥ်များအား ရှင်းလင်း​ပြောကြားပြီး ​ကျောင်းကျန်းမာ​ရေးရက်သတ္တပတ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသူ ​ကျောင်းသား​/ကျောင်းသူများ အား ဆုချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ပညာ​ရေးဝန်ကြီးဌာန၊ ကျန်းမာ​ရေးဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် အမျိုးသမီး​ရေးရာအဖွဲ့၊ မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းမှ အဖွဲ့ဝင်များ၊ ​​ဆုရ​ကျောင်းသား​ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

သန့်ဇော်