လားရှိုး ဩဂုတ် ၂၂
လားရှိုးမြို့၏ သမိုင်းဝင်ဆုတောင်းပြည့်မန်ဆူစေတီတော်မြတ်ကြီး အဝင်မုခ်ဦးတည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က မုခ်ဦးတည်ဆောက်မည့် နေရာတွင် ကျင်းပသည်။
အခမ်းအနားသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ယင်းနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အလှူရှင်များက သမိုင်းဝင်ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ အဝင်မုခ်ဦး တည်ဆောက်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)