တာမိုးညဲ သြဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် နှစ်စဉ်ကျင်းပသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မွန်းလွဲ (၀၂း၃ဝ) နာရီအချိန်က တာမိုးညဲမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တာမိုးညဲမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးက အဖွင့်အမှာစကား ပြောကြားခြင်း၊ ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ဦးနော်ဆန်က မိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ တာမိုးညဲမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ဦးအိုင်းဇက်က မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အေးချမ်းစွာ ကျင်းပနိုင်ရန် ဆုတောင်းဆပ်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ တာမိုးညဲ ဘောလုံးကွင်းတွင် ထိန်နုအသင်းနှင့် ခါနန်အသင်းတို့ ယဉ်ပြိုင်ကစားကြပြီး စုစုပေါင်းအသင်း(၆)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး (၂၁.၈.၂၀၂၂)မှ (၂၆.၈.၂၀၂၂) ရက်နေ့ထိ အုပ်စုပွဲစဉ်များကိုလည်းကောင်း၊ (၂၈.၈.၂၀၂၃)ရက်နေ့တွင် အကြိုဗိုလ်လုပွဲစဉ်များအားလည်းကောင်း၊ (၃၀.၈.၂၀၂၃)ရက်နေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များအားလည်းကောင်း ဆက်လက်ယဉ်ပြိုင် ကစားကြမည်ဖြစ်ပါကြောင်း သတင်းရသည်။
တာမိုးညဲ (ပြန်/ဆက်)