ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်များအား အစာအာဟာရကျွေးမွေးလှူဒါန်းနိုင်

ရန်ကုန် ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ချစ်သူများအနေဖြင့် မွေးနေ့နှင့် အထိမ်းအမှတ်နေ့များတွင် အစာအာဟာရ ကျွေးမွေးလှူဒါန်းလိုပါက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အသားစား၊ အသီးရွက်စား တိရစ္ဆာန်လေးများအတွက် လှူဒါန်းနိုင်သကဲ့သို့ နှစ်သက်ရာ ပမာဏကိုလည်း လှူဒါန်းနိုင်အောင် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊   ကိုယ်တိုင်လာရောက် မလှူဒါန်းနိုင်သူများအတွက်လည်း တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများမှ ကိုယ်စားကျွေးပေးကြောင်းနှင့် တိရစ္ဆာန်လေးများအတွက် အာဟာရဒါနပြုချင်သူများအနေဖြင့်  Page မှလည်းကောင်း၊ Chat Box မှလည်းကောင်း၊ ဖုန်း- ၀၉၂၆၂၄၉၉၃၂၄၊ ၀၉၆၈၂၀၁၁၁၇၀ သို့လည်းကောင်း မေးမြန်းစုံစမ်းလှူဒါန်းနိုင်ကြောင်း သိရသည်။

 

စန္ဒာမိုး