အိမ်မဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရေသိုးညောင်ဝိုင်း ကျေးရွာတွင်မိုးစပါး (RS,CS)ဆင်းသုခစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယမန်နေ့နံနက် (၈)နာရီအချိန်က စိုက်ပျိုးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄-ခ)၊ ဦးပိုင်အမှတ်(၁/၁) ရှိ တောင်သူ ဦးလှမြင့်၏ လယ် (၅.၀၀)ဧက၌ ၂၀၂၅ ခုနှစ် မိုးစပါး(RS,CS) ဆင်းသုခ စပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းအား ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအား မိုးစပါးအထွက်နှုန်း တိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ချစ်သက်လယ်(ပြန်/ဆက်)