သဲကုန်း ဇူလိုင် ၈
နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ 'မ' တည်ငွေဖြင့် စာကြည့်တိုက်အင်္ဂါရပ်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည့် နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ရပ်ကွက်(၄)တပ်မြောက်စုဆင်စွယ်ရလမ်း "ပြည်သူ့မျက်ပွင့်" စာကြည့်တိုက်ကော်မတီများနှင့် ယမန်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ 'မ' တည်ငွေဖြင့် စာကြည့်တိုက်အင်္ဂါရပ်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးတင်ဦးက စာကြည့်တိုက်ကော်မတီဝင်များ ရွေးချယ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်နာယက ဦးသန်းမြင့်က လက်ရှိဆောင်ရွက်ထားရှိမှုများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြင်ဆင်ဆောင်ရွက်မည့် “ပြည်သူ့မျက်ပွင့်” စာကြည့်တိုက်အား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)