ကျိုက်လတ်၌ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုက်လတ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း မိုးတွင်းကာလရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်၍ ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက် မင်္ဂလာကန်တော်ကြီး အနီးရှိ ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်‌စေရန် တူးဖော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးသက်နိုင်ဝင်းဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့နယ်သန့်ရှင်း သာယာစေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လူနေထူထပ်သည့်လမ်းများရှိ ယာဉ်ယန္တရားမဝင်နိုင်သည့် နေရာများအား လူအားဖြင့် ဖော်ထုတ်ရှင်းလင်းခြင်းနှင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး ထွက်ရှိအမှိုက်များအားလုံးကို စည်ပင်သာယာရေးအဖွဲ့ပိုင်ယာဉ်များဖြင့် စနစ်တကျသိမ်းဆည်းခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)