မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ပို့ချပေး

မြောက်ဥက္ကလာပ ဇူလိုင် ၁   

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန် တံတားကြီးရပ်ကွက်၊ ရွာလယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်လောဟာက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ခွဲမှူး ဦးအောင်ကျော်ကျော်က အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များဖြစ်သော ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အဆိပ်မိခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အသက်ကယ်အထောက်အကူပြု(CPR)၊ လူနာသယ်ဆောင်ခြင်းစသည့်  ဘာသာရပ်များအား ပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်​လှော်န်ကိပ်ဆုန်က အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ခြင်းရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို  နည်းပြ ၂ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့ထိ သုံးရက် ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)