လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဇူလိုင် ၁   

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ‘လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’ ဆောင်ပုဒ်နဲ့အညီပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်/ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘားလားကျေးရွာအုပ်စုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဇော်မင်းကြည်နှင့်ဝန်ထမ်းများက ဘားလားကျေးရွာအုပ်စုတွင် အသက်(၁၆)နှစ်နှင့်အထက်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသောပြည်သူများအား  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)