အမရပူရမြို့နယ်တွင် အိမ်ထောင်စုဇယား၊ နိုင်ငံသားစီစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

အမရပူရ ဇူလိုင် ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ  အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊ နံပါတ်ဆယ်လုံးပါ UID ကတ်များကို ပန်းခင်းစီမံချက် ၃ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ ဓနုံးကျေးရွာ၊ ​​အောင်သိဒ္ဓိကပ်ကျော်ဓမ္မာရုံတွင် ဇွန်လ ၂၉ ရက်နေ့နံနက်  ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။  

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အိမ်ထောင်စုဇယား ၂၅ ခု၊ နိုင်ငံသားစီစစ်ရေးကတ်ပြား ၄၅ နှင့် နံပါတ်ဆယ်လုံးပါ UID ကတ် ၇၅ ခုတို့ကို လက်ထောက်လဝကမှူး ဒေါ်ခင်သူဇာအောင် ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)