မြဝတီမြို့နယ်၊ ကုန်တင်ကုန်ချကော်မတီရုံး ဝန်ထမ်းမိသားစု ၁၁၄ ဦးအား Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (သတ္တမအကြိမ်) ထိုးနှံပေး

မြဝတီ ဇူလိုင် 

ကရင်ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်မှုလက်အောက်ရှိ မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ အမျိုးသားအဆင့်ကျန်းမာရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (သတ္တမအကြိမ်) ထိုနှံပေးခြင်းကို ဇူလိုင်လ ရက်နေ့ နံနက် နာရီတွင် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဆရာဝန် ဒေါက်တာမျိုးသန့်ဇင်၏ ဦးဆောင်မှုဖြင့် သူနာပြုဆရာမများက အမှတ် () ချစ်ကြည်ရေးတံတားနှင့် ကုန်သွယ်ရေးဇုန်တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းမိသားစု ၁၁၄ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) မထိုးနှံမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ ဓာတ်မတည့်သည့်ဆေးရှိ/မရှိ စစ်ဆေးမေးမြန်းစာရင်းကောက်ယူပြီးမှသာ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံပေးသည်။

ထိုသို့ အမျိုးသားအဆင့်ကျန်းမာရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်စီမံအဖွဲ့ဝင်- ဗိုလ်မှူးညီညီလွင်၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ မြိုနယ်ဦးစီးဌာနမှူး ဦးနိုင်စိုးနှင့် လုပ်ငန်းခွင်ကြီးကြပ်သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)