နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၃) သင်တန်းဖွင့်ပွဲကျင်းပ
Jun 10,2025
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ရတနာသိင်္ဃခန်းမ၌ ယမန်နေ့နံနက်၈နာရီတွင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်းများ၏ အရည်အသွေး တိုးတက်စေရန်၊ နိုင်ငံတော်ကပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန်နှင့် ခံယူချက်၊ယုံကြည်ချက် ခိုင်မာသည့် အနာဂတ်နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး လေ့ကျင့်ပေးသွားမည့် သင်တန်းဖြစ် ကြောင်း၊ သင်တန်းတက်ရောက် ကြသည့် “သင်တန်းသားတစ်ဦးချင်းစီ၏ အခြေခံအကျဆုံးတာဝန်သည် သင်တန်းမပျက်ကွက်ရေးပင်ဖြစ်သည်”ဟု နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က အလေးအနက် သတ်မှတ်ထားသည့်အတွက် သင်တန်း ကာလအတွင်း သင်တန်းပျက်ကွက်မှုမရှိအောင် အတတ်နိုင်ဆုံး ကြိုးစားလေ့ကျင့်သွားကြရန်နှင့် ကျန်းမာရေးကောင်းအောင် နေထိုင်သွားကြရန်လိုကြောင်း၊ သင်တန်းသား/သူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ အဓိကတာဝန်များကို ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် စိတ်ဓာတ်နှင့်စွမ်းရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် မိမိတို့ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသ၍ လိုက်ပါကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။