ကလော ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ထဲမှ အကြောင်းအရာများ ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)